ကျောင်းဆောင်သစ်ဆောက်လုပ်မှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့

(၂၄.၁၁.၂၀၁၆) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်သည် ကျောက်တံခါးမြို့နယ်၊ တူမောင်ကျေးရွာရှိ မိုးလှိုင်တိုးဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သည့် ကျောင်းဆောင်သစ်ဆောက်လုပ်မှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။ […]

Read More…

မြို့နယ်စီမံကိန်းရေးဆွဲရေးအတွက်UNDP မှအကူအညီရရှိရေး ပဏာမညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံးတွင် ကျင်းပခဲ့

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် သနပ်ပင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ဒေါက်တာစောညိုဝင်းနှင့် မဲဆန္ဒနယ်အမှတ်(၂) ဦးမျိုးမြင့်အောင်တို့သည် (၂၃.၁၁.၂၀၁၆) ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများနှင့်အတူ မြို့နယ်စီမံကိန်းရေးဆွဲရေးအတွက်UNDP မှအကူအညီရရှိရေး ပဏာမညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံးတွင် ကျင်းပခဲ့ပါသည်။ […]

Read More…

ရပ်ကွက်စည်ပင်သာယာရေးအဖွဲ့ရွေးချယ်ရေးအတွက် ပဏာမညှိနှိုင်းအစည်းအဝေး

သနပ်ပင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကတိကဝတ်အာမခံချက်များစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာစောညိုဝင်းသည် (၂၄.၁၁.၂၀၁၆) ရက်နေ့တွင် သနပ်ပင်မြို့နယ် ဘုရားကြီးပိုင်းရပ်ကွက်နှင့် ဈေးပိုင်းရပ်ကွက်တို့၌ ရပ်ကွက်စည်ပင်သာယာရေးအဖွဲ့ ရွေးချယ်ရေးအတွက် ပဏာမညှိနှိုင်းအစည်းအဝေးကို ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးများ၊ ရပ်မိရပ်ဖပြည်သူများနှင့် ပူးပေါင်းတိုင်ပင်ကျင်းပခဲ့ပါသည်။ […]

Read More…

သောက်သုံးရေကန်၊ လမ်း၊ တံတားတို့အား သွားရောက်ကြည့်ရှု၍ ကျေးရွာအုပ်ချုပ်ရေး၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးခဲ့

သနပ်ပင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကတိကဝတ်အာမခံချက်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစောညိုဝင်းသည် (၂၁.၁၁.၂၀၁၆)ရက်နေ့တွင် သနပ်ပင်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးမှူးနှင့်အတူ ကမာဖရံကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းအတွက် သောက်သုံးရေကန်၊ လမ်း၊ တံတားတို့အား သွားရောက်ကြည့်ရှု၍ ကျေးရွာအုပ်ချုပ်ရေး၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ထို့နောက် ဖရဲကျေးရွာ ကျောင်းဆောင်သစ် တည်ဆောက်မည့်နေရာအား ကြည့်ရှုခဲ့ပြီး ရပ်မိရပ်ဖများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ပြည်သူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ […]

Read More…

ပြည်ထောင်စုလွှတ်တော် ဒုတိယအကြိမ် ရန်ပုံငွေထုတ်ပေးခြင်းအခမ်းအနားကို တက်ရောက်ခဲ့

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ပေါက်ခေါင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ဦးသက်မင်းဇော်နှင့် မဲဆန္ဒနယ်အမှတ်(၂) ဦးဝင်းနိုင်တို့သည် (၂၅.၁၁.၂၀၁၆) ရက်နေ့၊ နေ့လယ်ပိုင်းတွင် ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြည်ထောင်စုလွှတ်တော် ဒုတိယအကြိမ် ရန်ပုံငွေထုတ်ပေးခြင်းအခမ်းအနားကို တက်ရောက်ခဲ့ပါသည်။ […]

Read More…