ပေါင်းတည်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား သွားရောက်ကြည့်ရှု

ပေါင်းတည်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ််တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးသည် (၂၂.၁၁.၂၀၁၆) ရက်နေ့တွင် ပေါင်းတည်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးလွင်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ သတင်းပြန်ကြားရေး၊ လမ်းကော်မတီအဖွဲ့ဝင်များနှင့်အတူ တွေ့ဆုံပြီး ပေါင်းတည်မြို့နယ် နွားခြံကုန်းအုပ်စု ရွာလယ်လမ်း၊ ရေပြာရွာ ရေလျှံမှု၊ ဆည်ဘောင်ကိစ္စ၊ ကြာနီကန်အုပ်စုလမ်း ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ပြုပြင်နေမှုများ၊ လမ်းအခြေအနေများကို ကြည့်ရှုပြီး တွေ့ဆုံညှိနှိုင်းခဲ့ပါသည်။ […]

Read More…

အုန်းပင်စုကျေးရွာသူ/သားများ၏ ကိုယ်ထူကိုယ်ထလမ်းပြုပြင်ခြင်းလုပ်ငန်းလုပ်ဆောင်နေမှုကို ပူးပေါင်းကူညီပေးခဲ့

ကျောက်ကြီးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းဦး(ခ) ဦးတင်ဆန်းဦးသည် (၂၁.၁၁.၂၀၁၆) ရက်နေ့၊ နံနက်ပိုင်းတွင် နတ်သံကွင်း-ရေလဲရွာချင်းဆက်လမ်းမအား အုန်းပင်စုကျေးရွာသူ/သားများ၏ ကိုယ်ထူကိုယ်ထလမ်းပြုပြင်ခြင်းလုပ်ငန်းလုပ်ဆောင်နေမှုကို ပူးပေါင်းကူညီပေးခဲ့ပါသည်။ ထို့နောက် ညနေပိုင်းတွင် နတ်သံကွင်း အမှတ်(၇) ရပ်ကွက်၊ ပေ (၁၅၀၀) ကျော်လမ်းအား စက်ယန္တယားဖြင့်မြေတူးဖော်လမ်းဖောက်လုပ်ပေးခဲ့ပါသည်။ […]

Read More…

လယ်ယာမြေကိစ္စရပ်များနှင့်ပတ်သက်၍ ကြားနာခြင်းအခမ်းအနားအား ကျင်းပပြုလုပ်

ရွှေကျင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်သည် (၂၁.၁၁.၂၀၁၆) ရက်နေ့တွင် ရွှေကျင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ပဒဲကောကျေးရွာအုပ်စုရှိ အိမ််ခြံမြေကိစ္စအား မြို့နယ်မြေစစ်အဖွဲ့၊ တောင်သူလယ်သမားများ ပါ၀င်သော မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီတို့ အမှုစစ်ဆေးမှုကို ကြားနာခဲ့ပါသည်။။ […]

Read More…

လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း (၁၀၀၀) အား လုပ်ငန်းအကောင်အထည်ဖော်ခွင့်ရသည့် ရပ်ကွက်/ ကျေးရွာအုပ်စုတို့အား ပေးအပ်

ရွှေကျင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်သည် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ (၁၉.၁၁.၂၀၁၆) ရက်နေ့တွင် ရွှေကျင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း (၁၀၀၀) အား လုပ်ငန်းအကောင်အထည်ဖော်ခွင့်ရသည့် ရပ်ကွက်/ ကျေးရွာအုပ်စုတို့အား ပေးအပ်ခဲ့ပါသည်။ […]

Read More…

မြေယာကိစ္စရပ်များနှင့် ပတ်သက်၍ ကြားနာခြင်းအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ညောင်လေးပင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ဦးအောင်နိုင်ဦးနှင့် မဲဆန္ဒနယ်အမှတ်(၂) ဦးညီညီထွေးတို့သည် (၂၁.၁၁.၂၀၁၆) ရက်နေ့တွင် ညောင်လေးပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုနှင့် အင်းချောင်းကျေးရွာအုပ်စုရှိ ယခင်စားကျက်ဟောင်း(အင်းနက်တော) စားကျက်စာရင်းမှ ပျောက်ကွယ်နေမှုများကို ကြားနာခဲ့ပါသည်။ […]

Read More…