ပေါက်ခေါင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမ၌ ကျင်းပပြုလုပ်သော ”ဂုဏ်ပြုပွဲအခမ်းအနား”သို့တက်ရောက်ခဲ့

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ပေါက်ခေါင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ဦးသက်မင်းဇော်နှင့် မဲဆန္ဒနယ်အမှတ်(၂) ဦးဝင်းနိုင်တို့သသည် (၁၇.၁၁.၂၀၁၆) ရက်နေ့တွင် ပေါက်ခေါင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သော အင်ငါးခွသကြားစက်တွင် ဖြစ်ပွားခဲ့သည့် အစာအဆိပ်သင့်မှုကြောင့် ၀န်ထမ်းနှင့်ဝန်ထမ်းမိသားစုဝင် (၈၀) ဦးခန့်သည် ပေါက်ခေါင်း၊ ပေါင်းတလည်၊ ပြည်မြို့တို့တွင် ဆေးရုံ/ဆေးခန်းများသို့ ဆေးကုသမှုခံယူခဲ့ရာ ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ၀န်ထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။ […]

Read More…

ကျောက်တံခါးမြို့နယ်ကျေးရွာမီးလင်းရေးနှင့်သက်ဆိုင်သည့်ကြားနာခြင်းအခမ်းအနား(တတိယနေ့)

ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်သည် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များ၊ တိုင်းလျှပ်စစ်အင်ဂျင်နီယာများ၊ ကျေးရွာမီးလင်းရေးကော်မတီများနှင့်အတူ (၁၇.၁၁.၂၀၁၆) ရက်နေ့တွင် ကျောက်တံခါးမြို့နယ်ကျေးရွာမီးလင်းရေးနှင့်သက်ဆိုင်သည့်ကြားနာခြင်းအခမ်းအနား(တတိယနေ့) ကိုပြုလုပ်ခဲ့ပြီး အဖွင့်အမှာစကားပြောကြား၍ လိုအပ်သည်များ မှာကြားခဲ့ပါသည်။ […]

Read More…

ဥပဒေပြုရေးကော်မတီ၊ စီးပွားရေး၊ စည်ပင်သာယာရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ တို့ ပူးပေါင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေး

(၁၇.၁၁.၂၀၁၆) ရက်နေ့၊ နံနက် (၁၀းဝဝ) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ရေးရာကော်မတီအစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးဥပဒေ(မူကြမ်း)ရေးဆွဲရေးနှင့်ပတ်သက်၍ ဥပဒေပြုရေးကော်မတီ၊ စီးပွားရေး၊ စည်ပင်သာယာရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ တို့ ပူးပေါင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁၇/၂၀၁၆)(တတိယနေ့) ကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းမြင့်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ဒေါ်လွင်လွင်အေးကျော်၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှ့န်ကြားရေးမှူး ဦးအောင်မြင့်နှင့် အကြံပေးပုဂ္ဂိုလ်များတက်ရောက်ခဲ့ပါသည်။ […]

Read More…

မိုးလုံလေလုံအားကစားကွင်း၌ အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အမျိုးသမီးသက်ငယ်တန်း အေရိုးဗစ်အားကစားပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား

သနပ်ပင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကတိကဝတ်အာမခံချက်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစောညိုဝင်းသည် (၁၆.၁၁.၂၀၁၆)ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ မိုးလုံလေလုံအားကစားကွင်း၌ အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အမျိုးသမီးသက်ငယ်တန်း အေရိုးဗစ်အားကစားပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ […]

Read More…

ပဲခူးမြို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရုံးတွင် ထောက်ပံ့မှုပေးအပ်ခြင်း အခမ်းအနား

(၁၇.၁၁.၂၀၁၆)ရက်နေ့တွင် ပဲခူးမြို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရုံးတွင် ထောက်ပံ့မှုပေးအပ်ခြင်း အခမ်းအနားကို ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်၊ ကျောက်တံခါးမြို့နယ် အုပ်ချုပ်ရေးမှူး၊ ကျောက်တံခါးမြို့နယ် ပါတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ […]

Read More…