ဥပဒေပြုရေးကော်မတီ၊ စီးပွားရေး၊ စည်ပင်သာယာရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ တို့ ပူးပေါင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေး

(၁၅.၁၁.၂၀၁၆) ရက်နေ့၊ နံနက် (၁၀းဝဝ) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ရေးရာကော်မတီအစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးဥပဒေ(မူကြမ်း)ရေးဆွဲရေးနှင့်ပတ်သက်၍ ဥပဒေပြုရေးကော်မတီ၊ စီးပွားရေး၊ စည်ပင်သာယာရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ တို့ ပူးပေါင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁၇/၂၀၁၆) ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ […]

Read More…

ဒေသခံပြည်သူများ တင်ပြတောင်းဆိုချက်အရ မှတ်ပုံတင်ပြုလုပ်ခြင်းနှင့် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းဆိုင်ရာလုပ်ငန်းကိစ္စရပ်များကို တွေ့ဆုံဆွေးနွေး

တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ပြည်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ဦးသက်ဝင်းလှိုင်နှင့် မဲဆန္ဒနယ်အမှတ်(၂) ဦးကျော်ဇေယျတို့သည် (၁၃.၁၁.၂၀၁၆) ရက်နေ့ နံနက်ပိုင်းတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်ချစ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စိုးစိုးကြည်၊ ပြည်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ဦးဇော်ဇော်ဦးတို့နှင့်အတူ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဦးစီးမှူးရုံး၌ တွေ့ဆုံ၍ ဒေသခံပြည်သူများ တင်ပြတောင်းဆိုချက်အရ မှတ်ပုံတင်ပြုလုပ်ခြင်းနှင့် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းဆိုင်ရာလုပ်ငန်းကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ […]

Read More…

ပျဉ်းမအိုင်အုပ်စု၊ သခွပ်စောက်အုပ်စု၊ ၀ါးရုံဆိပ်အုပ်စု၊ ကန်ကြီးအုပ်စုများအတွင်း ေဒသခံတောင်သူများ၏ တင်ပြတောင်းဆိုချက်များကို ကွင်းဆင်းကြည့်ရှု

ပြည်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဦးသက်ဝင်းလှိုင်သည် (၁၂-၁၁-၂၀၁၆)ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စိုးစိုးကြည်၊ ဆည်မြောင်းဦးစီးဌာန တည်ဆောက်ရေး(၂)မှ တာဝန်ရှိသူများနှင့်အတူ ပျဉ်းမအိုင်အုပ်စု၊ သခွပ်စောက်အုပ်စု၊ ၀ါးရုံဆိပ်အုပ်စု၊ ကန်ကြီးအုပ်စုများအတွင်းရှိ ေဒသခံတောင်သူများ၏ တင်ပြတောင်းဆို ချက်များကို ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။ ထို့နောက် ညနေပိုင်းတွင် မျောက်နဝန်းဆည် ရေခွဲဝေရေးရှင်းလင်းဆောင်တွင် JICA မှ တာဝန်ယူ တည်ဆောက်လျက်ရှိသည့် မျောက်နဝန်းဆည် ဆည်ရေသောက်ဧရိယာအတွင်းရှိ မြောင်းများကို ပြုပြင်ဆောင်ရွက်ပြီးအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်လုပ်ကိုင်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ […]

Read More…

ရေတာရှည်မြို့နယ်၊ တောင်နီကျေးရွာအုပ်စုရှိ ရေလွှတ်မြောင်းများအား သွားရောက်ကြည့်ရှု

ရေတာရှည်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဒေါက်တာကျော်ကျော်သည် (၁၄-၁၁-၂၀၁၆)ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ်လယ်ယာစီမံခန့်ခွဲရေးနှင့် ဆည်မြောင်းဦးစီးဌာနမှ လုပ်ငန်းဆောင်ရွက်နေမှုကို ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး၊ ဆည်မြောင်း SAE များနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းမှုဆောင်ရွက်ခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းများပြုလုပ်ခဲ့ပါသည်။ […]

Read More…

ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်သည် ပဲနွယ်ကုန်းမြို့၊ နရွဲပင်ကျေးရွာအတွင်းရှိ စပါးများရေနစ်ပျက်စီးမှုများ ကွင်းဆင်းကြည့်ရှု

(၁၃-၁၁-၂၀၁၆)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်သည် ပဲနွယ်ကုန်းမြို့၊ နရွဲပင်ကျေးရွာအတွင်းရှိ တောင်သူများ၏ တင်ပြချက်အရ တောင်သူ(၁၇)ဦး၏ လယ်ဧက(၁၀၀)နီးပါးသည် ၄င်းလယ်များ အောက်ဖက်ရှိ တောင်သူတစ်ချို့မှ ပယ်မြောင်းတာကို အသေပိတ်ထားပါသဖြင့် စပါးများရေနစ်ပျက်စီးမှုများ ဖြစ်နေလျက်ရှိခြင်းကို NLDပါတီမြို့နယ်အလုပ်အမှုဆောင်များ၊ ရပ်ရွာရပ်မိရပ်ဖများ၊ တောင်သူများနှင့်အတူ ကွင်းဆင်းကြည့်ရှုခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးထံ အမြန်ဆုံးညှိနှိုင်းဆောင်ရွက်ရန် ညွှန်ကြားခဲ့ပါသည်။ […]

Read More…