၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် မိုးညိုမြို့နယ်ရှိ စာသင်ကျောင်း (၁၈)ကျောင်း တည်ဆောက်ရေးနှင့်ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးခဲ့

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မိုးညိုမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)၊ ဦးအေးဝင်းနှင့် မဲဆန္ဒနယ်အမှတ်(၂)ဦးဝင်းကိုတို့သည် မိုးညိုမြို့နယ်ပညာရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ပညာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ (၁၁-၁၁-၂၀၁၆)ရက်နေ့တွင် မြို့နယ်ပညာရေးမှူးရုံး ၀န်ထမ်းရိပ်သာ၌  ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် မိုးညိုမြို့နယ်ရှိ စာသင်ကျောင်း (၁၈)ကျောင်း တည်ဆောက်ရေးနှင့်ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ […]

Read More…

ကျေးရွာစာသင်ကျောင်းများသို့ သွားရောက်၍ အထွေထွေလိုအပ်ချက်အခြေအနေများကို လိုက်လံကြည့်ရှုခဲ့

တောင်ငူမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမိုးမခသည် (၁၁.၁၁.၂၀၁၆)ရက်နေ့တွင် တောင်ငူမြို့နယ်၊ ကမ်းနီကျေးရွာအုပ်စု၊ သက်ကယ်ချင်း၊ ဂုံမင်းအိုင်၊ ညောင်စခန်းကျေးရွာများသို့ သွားရောက်၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ပါသည်။ […]

Read More…

ကတိက၀တ် အာမခံချက်များစိစစ်ရေးကော်မတီဥက္ကဋ္ဌမှ ကတိက၀တ်များနှင့် ပတ်သက်၍ ပူးပေါင်းညှိနှိုင်းအစည်းအဝေး

ယနေ့(၁၁.၁၁.၂၀၁၆) ရက်၊ (သောကြာနေ့) နေ့လယ်(၁၃းဝဝ) နာရီအချိန် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ရေးရာကော်မတီအစည်းအဝေးခန်းမ၌ ကတိကဝတ်အာမခံချက်များစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာစောညိုဝင်း ဦးဆောင်သော ကော်မတီဝင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၀န်ကြီး ဦးကျော်မင်းစံဦးဆောင်သော ကွပ်ကဲမှုအောက်ရှိ တိုင်းအဆင့်ဌာနဆိုင်ရာများ တွေ့ဆုံ၍ ပုံမှန်အစည်းအဝေးများတွင် အစိုးရအဖွဲ့မှ ကတိကဝတ်ပြုမှုများအပေါ် ဆောင်ရွက်ပြီးစီးပြီးပြတ်မှု အခြေအနေ၊ ဆောင်ရွက်ဆဲအခြေအနေ၊ ဆက်လက်ဆောင်ရွက်ရန် အခြေအနေများကိုညှိနှိုင်းခြင်းနှင့် မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။ အဆိုပါအစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်မှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခြင်း၊ လိုအပ်သည်များကိုလမ်းညွှန်အကြံပြုခြင်း၊ ဆွေးနွေးညှိနှိုင်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ […]

Read More…

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ဧရာဝတီဘဏ်ခွဲ(၂) ဖွင့်ပွဲအခမ်းအနား

ယနေ့ (၁၁.၁၁.၂၀၁၆)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ဧရာဝတီဘဏ်ခွဲ(၂) ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်နှင့်အတူ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးမောင်မောင်ရွှေ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပါသည်။ […]

Read More…

နတ်တလင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)အတွင်းရှိ နယ်မြေများကို ကွင်းဆင်းလေ့လာကြည့်ရှု

နတ်တလင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)အတွင်းရှိ နယ်မြေများကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဦးသည် ဆည်မြောင်း AE နှင့်အတူ (၁၀.၁၁.၂၀၁၆) ရက်နေ့တွင် ကွင်းဆင်းလေ့လာကြည့်ရှုခဲ့ပါသည်။ […]

Read More…