ကျွန်းစုကျေးရွာ စာသင်ကျောင်းဆောက်လုပ်ရန်အတွက် ပန္နက်ရိုက်ပွဲအခမ်းအနား

ဝေါမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်သည် (၄.၁၁.၂၀၁၆) ရက်နေ့တွင် ဝေါမြို့နယ်ပညာရေးမှူး၊ ရွှေယဉ်ကျေးကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ ကျွန်းစုကျေးရွာ စာသင်ကျောင်းဆောက်လုပ်ရန်အတွက် ပန္နက်ရိုက်ပွဲအခမ်းအနားသို့ သွားရောက်ခဲ့ပါသည်။ […]

Read More…

စာသင်ကျောင်း (၇) ကျောင်း ကျောင်းဆောင်သစ်များ ဆောက်လုပ်ရေးအတွက် အရည်အချင်းစစ်ဆေးရေးအဖွဲ့၊ ကြီးကြပ်ရေးကော်မတီများဖွဲ့စည်း

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ညောင်လေးပင်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁) ဦးအောင်နိုင်ဦးနှင့် မဲဆန္ဒနယ်အမှတ် (၂) ဦးညီညီထွေးတို့သည် (၄.၁၁.၂၀၁၆) ရက်နေ့တွင် မြို့နယ်ပညာရေးမှူး၊ သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ ကျောင်းကော်မတီဝင်များ၊ သက်ဆိုင်ရာရပ်ကျေး အုပ်ချုပ်ရေးမှူးများ၊ အခြားတာဝန်ရှိသူများနှင့်အတူ ညောင်လေးပင်မြို့နယ် ပညာရေးမှူးရုံးတွင် ၂၀၁၆ – ၂၀၁၇ ဘတ်ဂျက်တွင် တည်ဆောက်ခွင့်ကျပြီးသော စာသင်ကျောင်း (၇) ကျောင်း ကျောင်းဆောင်သစ်များ ဆောက်လုပ်ရေးအတွက် အရည်အချင်းစစ်ဆေးရေးအဖွဲ့၊ ကြီးကြပ်ရေးကော်မတီများဖွဲ့စည်းပြီး အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။ […]

Read More…

ပေါင်းတည် အ.ထ.က (၂၆)ကြိမ်မြောက် အာစရိယပူဇော်ပွဲဖြစ်မြောက်ရေး အကြိုအစည်းအဝေး

ပေါင်းတည်မြို့နယ်မဲဆန္ဒနယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးသည်(၄.၁၁.၂၀၁၆)ရက်နေ့တွင် ပေါင်းတည် အ.ထ.က (၂၆)ကြိမ်မြောက် အာစရိယပူဇော်ပွဲဖြစ်မြောက်ရေး အကြိုအစည်းအဝေးကို ကျောင်းအုပ်ဆရာမကြီး၊ အာစရိယအဖွဲ့ကော်မတီ၊ မြို့မိမြို့ဖများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားဟောင်းများနှင့်အတူ တက်ရောက်ခဲ့ပါသည်။ […]

Read More…

ကျောင်းဆောင်သစ်ဆောက်လုပ် နေမှုများအား ကွင်းဆင်းကြည့်ရှု

ထန်းတပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းသည် ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ် ထန်းတပင်အထက်တန်းကျောင်း၊ ဆိတ်ကြီးရပ်ကွက် အလယ်တန်းကျောင်း၊ အ.လ.က(ခွဲ)ကျီတော်ကျေးရွာ(မူကြို)ကျောင်း၊ အ.ထ.က (နတ်ရွာ)ကျောင်းများရှိ ကျောင်းဆောင်သစ်ဆောက်လုပ် နေမှုများအား ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။ […]

Read More…

တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့ (၁၇) မြို့နယ်မှ မြေစာရင်းဦးစီးမှူးတို့အား လိုအပ်သည်များကို မေးမြန်း

(၄.၁၁.၂၀၁၆) ရက်နေ့၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကော်မတီအစည်းအဝေးခန်းမ၌ ကြို့ပင်ကောက်မြို့နယ်မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဌ ဦးစန်းမြင့် (ခ) ဦးဆန်းမြင့်သည် ကော်မတီအဖွဲ့ဝင်များနှင့်အတူ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့ (၁၇) မြို့နယ်မှ မြေစာရင်းဦးစီးမှူးတို့အား မြို့မြေချထားရေးတွင် ဆောင်ရွက်သည့် နည်းစနစ်များ၊ ပါဝင်သည့်ဝန်ထမ်းဦးရေ ကုန်ကျစရိတ်များ စသည့်လိုအပ်သည်များကို မေးမြန်းကြားနာခဲ့ပါသည်။ […]

Read More…