ပေါင်းတည်မြို့နယ် စာသင်ကျောင်းမြေနေရာများနှင့် ကျောင်းများကိုအရည်အသွေးပြည့်မီအောင် ဆောက်လုပ်ရေး

(၃.၁၁.၂၀၁၆) ရက်နေ့တွင် ပေါင်းတည်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးသည် ပေါင်းတည်မြို့နယ် စာသင်ကျောင်းမြေနေရာများနှင့် ကျောင်းများကို အရည်အသွေးပြည့်မီအောင် ဆောက်လုပ်ရေးတို့အတွက် စာသင်ကျောင်းဆောက်လုပ်ရေးကုမ္ပဏီ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ခ ပညာရေးမှူး၊ ကျောင်းဆောက်လုပ်ရေးကော်မတီ၊ ကျောင်းအုပ်များနှင့်အတူ တွေ့ဆုံညှိနှိုင်းခဲ့ပါသည်။ […]

Read More…

ပေါက်ခေါင်းမြို့နယ် အနောက်ကြို့ကုန်းအုပ်စု၊ ပေါက်တောအိုင်ကျေးရွာ အုပ်စုတွင်းရှိကျေးရွာများမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

(၃.၁၁.၂၀၁၆) ရက်နေ့တွင် ပေါက်ခေါင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်မင်းဇော်သည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီဒွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးနော်ထွယ်နှင့်အတူ ဌာနဆိုင်ရာအရာရှိများလိုက်ပါပြီး ပေါက်ခေါင်းမြို့နယ် အနောက်ကြို့ကုန်းအုပ်စု၊ ပေါက်တောအိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် အုပ်စုတွင်းရှိကျေးရွာများမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီးဒေသလိုအပ်ချက်များကို ရင်းနှီးနွေးထွေးစွာ ဆွေးနွေးတိုင်ပင်ဆောင်ရွက် ခဲ့ပါသည်။ခ […]

Read More…

စည်ပင်သာယာရေးဥပဒေ(မူကြမ်း) ပြင်ဆင်ရေးဆွဲရေးနှင့် ပတ်သက်ပြီး ညှိနှိုင်းအစည်းအဝေး

(၃.၁၁.၂၀၁၆) ရက်နေ့၊ နံနက် (၁၀းဝဝ) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် စည်ပင်သာယာရေးဥပဒေ(မူကြမ်း) ပြင်ဆင်ရေးဆွဲရေးနှင့် ပတ်သက်ပြီး ညှိနှိုင်းအစည်းအဝေးကို ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းမြင့်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဒေါ်လွင်လွင်အေးကျော်၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်နှင့် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးတို့ တက်ရောက်ခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်မှ အဖွင့်အမှာစကားပြောကြား၍ တက်ရောက်လာသူများက အပြန်အလှန်ဆွွေးနွေးခဲ့ကြပါသည်။ […]

Read More…

တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ တိုင်းအဆင့်ညှိနှိုင်းဖွဲ့စည်းခြင်းအခမ်းအနား

(၃.၁၁.၂၀၁၆) ရက်နေ့တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ကျောက်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ဦးဇော်မင်းဦး (ခ) ဦးတင်ဆန်းဦးသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေခန်းမ၌ ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ တိုင်းအဆင့်ညှိနှိုင်းဖွဲ့စည်းခြင်းအခမ်းအနားတွင် ကရင်တိုင်းရင်းသားစာပေသင်ရိုးညွှန်းတန်းစာအုပ်အခြေအနေ၊ လွှတ်တော်ရေးရာကော်မတီလုပ်ဆောင်မှုများ၊ ရိုးရာယဉ်ကျေးမှုကိစ္စများနှင့်ပတ်သက်ပြီး တက်ရောက်ဆွေးနွေးခဲ့ပါသည်။ […]

Read More…

တောင်ငူမြို့နယ်၊ ဆိပ်ဖူးတောင်ကျေးရွာအုပ်စု လေးမိုင် အ.ထ.က ကျောင်းမှ အသက်(၁၀)နှစ်ပြည့်ပြီး ကျောင်းသား/ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကဒ်များ ပြုလုပ်ပေး

(၃.၁.၂၀၁၆)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော တောင်ငူမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ဦးအေးမင်းဝင်းနှင့် မဲဆန္ဒနယ်အမှတ်(၂) ဦးမိုးမခတို့သည် ခ အသက်(၁၀)နှစ်ပြည့်ပြီး ကျောင်းသား/ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကဒ်များ ပြုလုပ်ပေးရန် လဝက ခရိုင်ဦးစီးမှူ း၊ တာဝန်ရှိသူများနှင့်အတူ သွားရောက်ခဲ့ပြီး ကျောင်းအုပ်ဆရာကြီးနှင့်တွေ့ဆုံ၍ ကျောင်း၏လိုအပ်ချက်များကိုလည်း တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ […]

Read More…