ဆွာမြို့တိုက်နယ်ဆေးရုံတွင် လူနာများအားတွေ့ဆုံခြင်း

(၁.၁၁.၂၀၁၆) ရက်နေ့တွင် ရေတာရှည်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)၊ ပညာရေး၊ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဒေါက်တာကျော်ကျော်နှင့်အတူ မြို့မအုပ်ချုပ်ရေးမှူ: ဦးထွန်းထွန်းလင်း၊ တိုက်နယ်ဆေးရုံအုပ်ကြီး ဒေါက်တာနိုင်လင်းအောင်နှင့် ဆေးရုံဝန်ထမ်းများ၊ ဆေးရုံကြီးကြပ်အဖွဲ့များ၊ မြို့မိမြို့ဖများသည် ဆွာမြို့တိုက်နယ်ဆေးရုံတွင် လူနာများအားနွေးထွေးစွာ ဆက်ဆံပေးရေး ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ပါသည်။ […]

Read More…

ပေါက်ခေါင်းမြို့နယ် အမှတ် ၁ ရပ်ကွက်အခြေခံပညာအလယ်တန်းကျောင်း နှစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်မည့်မြေနရာအားပန္နက်တင်မင်္ဂလာအခန်းအနားပြုလုပ်ဆောင်ရွက်ခြင်းအခမ်းအနား

(၂.၁၁.၂၀၁၆)ရက်နေ့ ပေါက်ခေါင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်မင်းဇော်သည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်ချစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီဒွန်း တို့နှင့်အတူပေါက်ခေါင်း မြို့နယ်မှဌာနဆိုင်ရာအရာရှိများ ကျောင်းကော်မတီဝင်များ ဆောက်လုပ်ရေးတင်ဒါရရှိသော Yoma Link Co. LTD မှတာဝန်ရှိသူများနှင့်အတူပေါက်ခေါင်းမြို့နယ် အမှတ် ၁ ရပ်ကွက်အခြေခံပညာအလယ်တန်းကျောင်း နှစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်မည့်မြေနရာအားပန္နက်တင်မင်္ဂလာအခန်းအနားပြုလုပ်ဆောင်ရွက်ခြင်းအခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။ […]

Read More…

ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ကိစ္စနှင့် ပတ်သက်ပြီး တိုင်ကြားစာများ ရှိနေသဖြင့် ပြန်လည်ဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေး

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော သနပ်ပင်မြို့နယ်မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါက်တာစောညိုဝင်း၊ သနပ်ပင်မြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ ဦးမျိုးမြင့်အောင်တို့သည် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဦးအောင်ဇော်နိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူ း ဦးစိုးနိုင်၊ သနပ်ပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းနိုင်၊ ကြီးကြပ်ရေးအဖွဲ့များနှင့်အတူ (၂.၁၁.၂၀၁၆) ရက်နေ့တွင် ကုက္ကိုကျေးရွာ၌ တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ […]

Read More…

၆၁/၆၂ (စုန်​ဆန်​) အမြန်ရထား အုတ်ဖိုမြို့နယ်တွင် စတင်ရပ်တန့်သည့်အထိမ်းအမှတ်အဖြစ် အုတ်ဖိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ရုံး ၏ အစီအစဉ်ဖြင့် ခရီးသွားပြည်သူများအား မုန့် နှင့်ရေသန့်ဗူးများ ဝေငှ

(၁.၁၁.၂၀၁၆)ရက်နေ့တွင် ၆၁/၆၂ (စုန်ဆန်) အမြန်ရထား အုတ်ဖိုမြို့နယ်တွင် စတင်ရပ်တန့်သည့်အထိမ်းအမှတ်အဖြစ် အုတ်ဖိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ရုံး ၏ အစီအစဉ်ဖြင့် ခရီးသွားပြည်သူများအား မုန့် နှင့်ရေသန့်ဗူးများ ဝေငှခဲ့ပါသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်း၊ အမှတ် (၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောသူရအောင်တို့နှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဒု-မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးအရာရှိနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျပ်စစ်အင်ဂျင်နီယာ၊နှင့် လူမှုရေးအသင်းဖွဲများမှ အသင်းဝင်များ တက်ရောက်အားပေးခဲ့ကြပါသည်။ […]

Read More…

ဥပဒေရေးရာကော်မတီနှင့် စီးပွားရေး၊ စည်ပင်သာယာရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံဖြိုးတိုးတက်ရေးကော်မတီတို့က စည်ပင်သာယာရေး ဥပဒေမူကြမ်းအသစ်ရေးဆွဲခြင်း

(၂.၁၁.၁၆)ရက်နေ့နံနက်၁၀နာရီတွင်ပဲခူးတိုင်းဒေသကြီးလွှတ်တော်ရေးရာ ကော်မတီအစည်းအဝေးခန်းမ၌ တတိယမြောက်နေ့အဖြစ် ဥပဒေရေးရာကော်မတီနှင့် စီးပွားရေး၊ စည်ပင်သာယာရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံဖြိုးတိုးတက်ရေးကော်မတီတို့က စည်ပင်သာယာရေး ဥပဒေမူကြမ်းအသစ်ရေးဆွဲခြင်းနှင့်ပတ်သက်၍ ပူးပေါင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ […]

Read More…