(၃၀-၁၁-၂၀၁၆)ရက်နေ့၊ ဗုဒ္ဓဟူးနေ့ နံနက်(၁၀းဝဝ)နာရီအချိန် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (Meeting Hall)အစည်းအဝေးခန်းမ၌ OXFAM အဖွဲ့မှ ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ လုပ်ငန်းများ၊ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ခြင်း၊ တုန့်ပြန်ခြင်း၊ တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ရေအရင်းအမြစ်စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံမေးမြန်းပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ရေးရာကော်မတီ(၉)ခု၏ ဥက္ကဋ္ဌများ၊ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။ ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကို နေ့လယ်(၁၂း၃၀)အချိန်တွင် ရပ်နားခဲ့ကြောင်းသိရှိရပါသည်။ […]
OXFAM အဖွဲ့မှ ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ လုပ်ငန်းများ၊ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ခြင်း၊ တုန့်ပြန်ခြင်း၊ တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ရေအရင်းအမြစ်စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံမေးမြန်းပွဲ အခမ်းအနား
