ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးသို့ ကတိကဝတ်အာမခံချက်များစိစစ်ရေးကော်မတီမှ တင်သွင်းသောအစီရင်ခံစာ

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးသို့ ကတိကဝတ်အာမခံချက်များစိစစ်ရေးကော်မတီမှ တင်သွင်းသောအစီရင်ခံစာ နိဒါန်း ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ ကတိကဝတ်အာမခံချက်များ စိစစ်ရေးကော်မတီအနေဖြင့် (က)       တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တင်သွင်းသော ဥပဒေကြမ်း၊ အဆို(သို့မဟုတ်) အစီရင်ခံစာ၊ ဖြေကြားသော အဖြေများ၊ ကတိပြုခဲ့သော အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကို စနစ်တကျ စိစစ်ရန်၊ (ခ)         ပြည်သူလူထု၏ အကျိုးအတွက် အစိုးရအဖွဲ့မှ သတ်မှတ်ကာလအတွင်း ဆောင်ရွက်ပြီးစီးခြင်းရှိ/မရှိ မူလသတ်မှတ်ချက်အတိုင်း ဆောင်ရွက်ပြီးစီးခြင်း ရှိ၊ မရှိနှင့် မည်သည့်အခြေအနေထိ အကောင်အထည်ဖော် ဆောင်ရွက်ကြောင်း ထိရောက်မှန်ကန်စွာ စစ်ဆေးနိုင်ပါရန်၊ (ဂ)          အစိုးရသစ်လက်ထက်တွင် ပြုပြင်ပြောင်းလဲတိုးတက်မှုများအား ကော်မတီမှ သက်ဆိုင်ရာကဏ္ဍအလိုက် စိစစ်ပြီး အပြုသဘောဆောင်သော စောင့်ကြည့်ထိန်းညှိမှုဖြင့် […]

Read More…

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် တတိယကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ဥပဒေပြုရေးကော်မတီနှင့် စီးပွားရေး၊ စည်ပင်သာယာရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့မှတင်သွင်းသည့် ကော်မတီ(၂)ရပ်၏ ပူးပေါင်းအစီရင်ခံစာ(၂/၂၀၁၆)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် တတိယကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ဥပဒေပြုရေးကော်မတီနှင့် စီးပွားရေး၊ စည်ပင်သာယာရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့မှတင်သွင်းသည့် ကော်မတီ(၂)ရပ်၏ ပူးပေါင်းအစီရင်ခံစာ(၂/၂၀၁၆) နိဒါန်း ၁။      ဥပဒေပြုရေးကော်မတီအနေဖြင့် ၂၀၁၆ခုနှစ် မေလ၆ရက်နေ့တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုလည်းကောင်း၊ ၂၀၁၆ခုနှစ်၊ မေလ (၃၀) (၃၁)ရက်နေ့တွင် ဥပဒေပြုရေးကော်မတီနှင့်စီးပွားရေး၊ စည်ပင်သာယာရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှစ်ရပ်တို့၏ ပူးပေါင်းအစည်းအဝေးကိုလည်းကောင်း၊  ၂၀၁၆ခုနှစ် ဇွန်လ (၁၅)(၁၆)ရက်နေ့တွင် ကော်မတီ(၂)ရပ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုလည်းကောင်း၊ ၂၀၁၆ခုနှစ်၊ ဇွန်လ (၁၆)ရက်နေ့ နေ့လည်၁၂နာရီတွင် ဥပဒေပြုရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုလည်းကောင်း၊ ၂၀၁၆ခုနှစ် ၊ ဇွန်လ (၃၀)ရက်နှင့် ဇူလိုင်လ (၁)ရက်နေ့တွင် ကော်မတီ(၂)ရပ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုလည်းကောင်း ကျင်းပပြုလုပ်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်ချက် များနှင့် ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။ ရည်ရွယ်ချက် ၂။        (က)  ပထမအကြိမ်၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်သက်တမ်းတွင် အတည်ပြုပြဋ္ဌာန်းခဲ့သော ဥပဒေများကို သက်ဆိုင်ရာကော်မတီအလိုက် ပြန်လည်လေ့လာသုံးသပ်၍ […]

Read More…

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာ(၂/၂၀၁၆)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာ(၂/၂၀၁၆) ၁။ နိဒါန်း အစိုးရသစ်လက်ထက်ပြုပြင်ပြောင်းလဲတိုးတက်လာသော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ပြည်ထောင်စုအဆင့် ၂၁ရာစုပင်လုံညီလာခံကြီးမှသည် တိုင်းရင်းသားအားလုံး ထာဝရငြိမ်းချမ်းရေးအတွက် အဖွဲ့အစည်းအသီးသီးမှ ပါဝင်သင့် ပါဝင်ထိုက်သော လူပုဂ္ဂိုလ်များ၊ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးဆောင်ရွက်လာနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီမှ ဆောင်ရွက်လျက်ရှိပါသည်။ ၂။ ရည်ရွယ်ချက် တိုင်းရင်းသားရေးရာနှင့်ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေး၊ အပြန်အလှန်ရိုင်းပင်းကူညီရေး။ တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်း၊ ဘာသာစကား၊ စာပေယဉ်ကျေးမှုအနုပညာများ ဖွံ့ဖြိုးတိုးတက်စေရေး။ တိုးတက်ဖွံ့ဖြိုးမှုနည်းပါးနေသည့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးတို့ ပါဝင်သော လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့် ယခင်ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေးတွင် တင်သွင်းသည့် အစီရင်ခံစာပါ  အမှတ်စဉ်အလိုက် ဆွေးနွေးချက်များအား လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ပါသည်။ အပြည့်အစုံဆက်လက်ဖတ်ရှုရန်……………………………………………. […]

Read More…