တောင်ငူမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော မဲဆန္ဒနယ် အမှတ် ၁ ဦးအေးမင်းဝင်းနှင့် မဲဆန္ဒနယ်အမှတ်၂ ဦးမိုးမခတို့သည် ဇန်နဝါရီလ ၂၁ ရက် နံနက် ၁ဝ နာရီခွဲတွင် တောင်ငူမြို့နယ် စည်ပင်သာယာရေး အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ စည်ပင်ကော်မတီ၊ စည်ပင် သာယာရေးအဖွဲ့၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တင်ဒါအောင်ကုမ္ပဏီ တာဝန်ရှိသူများ စာချုပ်ချုပ်ဆိုရန် တွေ့ဆုံဆွေးနွေးခြင်းအစည်းအဝေးသို့တက်ရောက်ဆွေးနွေးခဲ့သည်။ အစည်းအဝေးတွင် တာဝန်ရှိသူများမှ တင်ဒါရွေးချယ်မှုအဆင့်ဆင့်ကိစ္စ၊ ကုမ္ပဏီများမှကြိုတင်ဆောင်ရွက်ထားရန်ကိစ္စရပ်များ၊ စာချုပ်ပါစည်းကမ်းချက်များနှင့် ဥပဒေလုပ်ထုံးလုပ်နည်းများ၊ ပစ္စည်းအရည် အသွေး ကိစ္စရပ်များ၊ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့နိုင်သည့်အခက်အခဲများအား ရှင်းလင်းဆွေးနွေးမှာကြားပြီး ကုမ္ပဏီဘက်မှ လည်း လုပ်ငန်းစီမံချက် အစီအစဉ်များအား ပြန်လည်တင်ပြ ဆွေးနွေးခဲ့သည်။ […]
တင်ဒါအောင်ကုမ္ပဏီတာဝန်ရှိသူများ စာချုပ်ချုပ်ဆိုရန် တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေးသို့ တက်ရောက်
