ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော်စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကော်မတီမှ (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေးသို့တင်သွင်းသည့် အစီရင်ခံစာ (၁/၂၀၂၀) နိဒါန်း ၁။ ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဆိုင်ရာကော်မတီသည် ပဲခူးတိုင်းဒေသကြီး လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ နှစ်အလိုက် အသုံးပြုသော ငွေလုံးငွေရင်းအသုံးစရိတ်နှင့်ပြုလုပ်သော လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး လုပ်ငန်းများ၊ ကိုယ်ထူကိုယ်ထ လျှပ်စစ်ဓါတ်အားရယူသုံးစွဲမှုလုပ်ငန်းများ၊ NEP စီမံကိန်းနှင့်ပတ်သက်သော လုပ်ငန်းစဉ်များကို စောင့်ကြည့်ထိန်းကျောင်းခြင်း၊ လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန် စေရန်နှင့် လတ်တလောအကောင်အထည်ဖော်ရန် မသင့်သေးသောလမ်းများကို အတတ်နိုင်ဆုံး စိစစ်ရန်၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထူးအလေးထားဆောင်ရွက်ရန်နှင့် လုပ်ငန်းစဉ်များအောင်မြင်စွာ အကောင် အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အတတ်နိုင်ဆုံး ကူညီပံ့ပိုးနိုင်ရန်၊ အရေးကြီးသော တာဝန်ဝတ္တရားများကို ဆောင်ရွက်ရန်အတွက် ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန် အစည်းအဝေးသို့ အစီရင်ခံတင်ပြအပ်ပါသည်။ ရည်ရွယ်ချက် […]
ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော်စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကော်မတီမှ (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေးသို့တင်သွင်းသည့် အစီရင်ခံစာ (၁/၂၀၂၀)
