ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် တရားဥပဒေစိုးမိုးရေးနှင့်ဥပဒေကြမ်းကော်မတီမှတင်သွင်းသည့် အစီရင်ခံစာ(၁/၂၀၂၀) နိဒါန်း ၁။ ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့်ဥပဒေကြမ်း ကော်မတီကို ပဲခူးတိုင်းဒေသကြီးလွှတ်တော်၏ ၂၀၁၈ ခုနှစ် မတ်လ(၃၀)ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်(၃/၂၀၁၈)ဖြင့် ပြင်ဆင်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ကော်မတီအဖွဲ့ဝင်(၁၀)ဦးဖြင့် ပဲခူးတိုင်း ဒေသကြီးလွှတ်တော်၏ အဓိကမဏ္ဍိုင်ဖြစ်သော ဥပဒေပြုခြင်းနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၈၈ ဇယား(၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပဲခူးတိုင်း ဒေသကြီးလွှတ်တော်က အတည်ပြုပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်ခြင်း၊ ပြဋ္ဌာန်းပြီးသောဥပဒေများအား ပဲခူးတိုင်းဒေသကြီး လွှတ်တော်ရှိ သက်ဆိုင်ရာကော်မတီများနှင့်ပူးပေါင်းလေ့လာသုံးသပ်၍ ပြင်ဆင်ရန်လိုအပ်သည့် ဥပဒေများအား ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်ခြင်းများကို အလေးထားဆောင်ရွက်လျှက်ရှိ ပါသည်။ ထို့အပြင် ပြည်သူများမှ ကော်မတီသို့ ပေးပို့တိုင်ကြားလာသောတိုင်ကြားစာများအား စိစစ်သုံးသပ်၍ ကာယကံရှင်များ နစ်နာမှုမရှိစေရေးအတွက် ကာယကံရှင်နှင့် သက်ဆိုင်ရာ […]
ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင်တရားဥပဒေစိုးမိုးရေးနှင့်ဥပဒေကြမ်းကော်မတီမှတင်သွင်းသည့် အစီရင်ခံစာ(၁/၂၀၂၀)
